ဖေဖေ သီရိပျံချီ ဦးတင်ငွေ (ဝန်ကြီး၊ ဗိုလ်ချုပ်-ငြိမ်း) ၏ -ငွေ-ဆိုသော စာလုံးနှင့် မေမေ ဒေါ်လှလှသိန်း၏ -လှ- ဆိုသော စာလုံးတို့ကိုယူပြီး ဖေဖေနှင့်မေမေတို့ရဲ့ သမီးရတနာ ဖြစ်သောကြောင့် -ငွေလှရတနာ- ဆိုတဲ့ အမည်လေးကို ဖေဖေကိုယ်တိုင်ရွေးချယ်ပေးခဲ့ပါတယ်။
ငွေလှရတနာ အဘိဓမ္မာသင်တန်းကျောင်းရယ် ဆိုပြီး (၂၀၁၀) ခုနှစ်မှာ စတင်ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ သာသနာရေးဝန်ကြီးဌာနက ကျင်းပသော အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)၊ ဝိသုဒ္ဓိမဂ် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုပူဇော်နိုင်စေရန်အတွက် နှစ်စဉ်နှစ်တိုင်း သင်တန်းများကို မေလမှဒီဇင်ဘာလအထိ ဖွင့်လှစ်သင်ကြားပေးပါတယ်။ နွေရာသီများတွင် အဘိဓမ္မာရက်တိုသင်တန်းများ၊ အခြေခံပဋ္ဌာန်းဒေသနာတော်သင်တန်း၊ ပဋိစ္စသမုပ္ပါဒ်သင်တန်းနှင့် ဗုဒ္ဓဝင်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ထို့အပြင် ပြည်တွင်းရှိ မြို့၊ ရွာများသို့လည်း အဘိဓမ္မာတရားတော်များ နာကြားသင်ယူနိုင်စေရန်အတွက် ဆရာ/မများနှင့်အတူ သွားရောက်ကာ ပို့ချသင်ကြားပေးလျက်ရှိပါတယ်။ ရန်ကုန်မြို့တွင်း၌ သင်တန်းခွဲပေါင်း ( ၄၉ ) တွင် အဘိဓမ္မာတရားတော်များကို ပို့ချသင်ကြားပေးလျက်ရှိပါတယ်။
သီရိပျံချီ ဦးတင်ငွေ (ဝန်ကြီး၊ ဗိုလ်ချုပ်-ငြိမ်း) နှင့် ဒေါ်လှမူသိန်းတို့က ၈-၄-၁၉၆၈ တွင် မွေးဖွားပေးခဲ့သော သမီးကြီးရတနာဖြစ်ပါတယ်။ B.Sc (Chemistry), (Q) ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဥိးစီးဌာနက ကြီးမှူးကျင်းပသော စာမေးပွဲများတွင်-
ဘွဲ့တံဆိပ်တော်များ
(၁) ၂၀၀၉-ခုနှစ်၊ နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော - လူမှုထူးချွန်ဆု၊
(၂) ၂၀၀၉-ခုနှစ်၊ ဧရာဝတီတိုင်း အမျိုးသမီးရေးရာအဖွဲ့မှ ချီးမြှင့်သော - ထူးချွန်အမျိုးသမီးဂုဏ်ပြုဆု၊
(၃) ၂၀၁၃-ခုနှစ်၊ နိုင်ငံတော်အစိုးရမှချီးမြှင့်သော - သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊
(၄) ၂၀၁၉-ခုနှစ်၊ နိုင်ငံတော်အစိုးရမှချီးမြှင့်သော - မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊
(၅) ၂၀၁၉-ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ် နယ်စပ်နှင့်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းကြီးမှ ချီးမြှင့်သော - မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ရရှိခြင်းအတွက် ထပ်ဆင့်ဂုဏ်ပြုတံဆိပ်တော်
(၆) ၂၀၁၉-ခုနှစ်၊ MAHACHULALONGKORNRAJAVIDYALAYA UNIVERSITY (BKK) မှ ချီးမြှင့်သော - The Honorary Insignia ဆုတံဆိပ်တော်
အဘိဓမ္မာသင်ယူရခြင်း၏ ရည်ရွယ်ချက်မှာ - ဘဝတိုးတက်ရေးနှင့် ဘဝလွတ်မြောက်ရေးအတွက် ဖြစ်သည်။
လောကတွင် လူတော်၊ လူကောင်းများစွာ လိုအပ်သည်။
လူတော်ဖြစ်ရန်အတွက် မျက်မှောက်၊ တမလွန် ၂-ဖက်မြင် သဘောတရားဆိုင်ရာ အသိပညာကို တတ်သိ နားလည်ရမည်။
အဘိဓမ္မာသည် လူတော်တစ်ယောက်ဖြစ်ရေး၌ လုံးဝ တာဝန်ယူသည်။
လူကောင်းတစ်ယောက်ဖြစ်ရန်အတွက် စိတ်ကြည်လင် သန့်ရှင်းဖြူစင်စေသော၊ ကောင်းတာကိုချည်း လုပ်လိုသော ယုံကြည်ချက် ‘သဒ္ဓါတရား’ ရှိရမည်။
အဘိဓမ္မာသည် လူကောင်းတစ်ယောက် ဖြစ်ရေး၌ လုံးဝ တာဝန်ယူသည်။
တော်လည်းတော်၊ ကောင်းလည်းကောင်းသည့် လူတော်၊ လူကောင်းအဖြစ် ပါရမီကုသိုလ်များကို ဖြည့်ဆည်းပြီး တစ်ဘဝထက် တစ်ဘဝ၊ တစ်ဆင့်ထက် တစ်ဆင့်၊ ရင့်သည့်ထက် ရင့်လာခြင်းကို ‘ဘဝတိုးတက်သည်’ ဟုခေါ်သည်။
ဘဝတိုးတက်မှ ပါရမီကုသိုလ်များ ပြည့်လာ၍ ဘဝလွတ်မြောက်ရေး နိဗ္ဗာန်ရရှိမည် ဖြစ်သည်။
ခက်ခဲ၊ နက်နဲသော ပရမတ္တတရားများကို သိခွင့်ရခြင်း၊
ဗုဒ္ဓဝါဒကို အပြည့်အစုံ နားလည်ခြင်း၊
အကုသိုလ်၊ ကုသိုလ်တို့၏ သဘောသဘာဝကို ပြည့်စုံစွာ နားလည်သဘောပေါက်၍ မိမိဘဝကို ပိုင်နိုင်စွာ အသုံးချတတ်ခြင်း၊
ခန္ဓာ ၅ - ပါးအကြောင်း အပြည့်အစုံ နားလည်၍ ခန္ဓာဉာဏ်ရောက် တရားအားထုတ်မှုကိုများစွာ ကျေးဇူးပြုခြင်း
အမြင့်မြတ်ဆုံး ပညာပါရမီကုသိုလ် ရရှိ၍ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို လျင်လျင်မြန်မြန် မျက်မှောက်ပြုနိုင်ခြင်း။